Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများဆာင်ရွက်နိုင်မှုအခြေအနေ

Last Updated:

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှ (၂၆) ရက်နေ့အတွင်း ငါးကြိတ်သား (၇.၂၀) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့ခဲ့ပြီး ရေ်ဘာ(၂၀၁.၆၀)တန်၊ တန်ဖိုး (၀.၂၃၂)ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံကိုဖြတ်သန်း၍ မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ပါသည်။ စုစုပေါင်းတင်ပို့နိုင်ခဲ့သည့် ပို့ကုန် တန်ဖိုးမှာ (၀.၂၄၅)ဒေါ်လာသန်းဖြစ်ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

         တနင်္သာရီတိုင်းဒေသကြီးအတွင်းသုံးစွဲရန် လိုအပ်သည့်စက်သုံးဆီများအား ထိုင်းနိုင်ငံမှ ရေလမ်းကြောင်းဖြင့် တင်သွင်းလျက်ရှိရာဇွန်လ (၂၁) ရက်နေ့မှ (၂၆) ရက်နေ့အတွင်း ဒီဇယ်ဆီ (၁၃၀၀)တန်နှင့် ဓာတ်ဆီ (၆၀၀)တန် စုစုပေါင်းတန်ဖိုး (၁.၅၃၄) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓါတ်ဆီ(၁)တန် ဈေးနှုန်းမှ (၈၉၀.၈၂၄) ဒေါ်လာဖြစ်ပြီး ဓာတ်ဆီ တစ်လီတာ (၂၂၉၅) ကျပ်နှင့်ဒီဇယ်တစ်လီတာ(၂၂၉၅) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၈၇.၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News