Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ (၂၆-၆-၂၀၂၃)ရက်နေ့တွင် ပို့ကုန်သွင်းကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ ကြက်သွန်ဖြူ၊ လက္ဘက်ခြောက်၊ ကတ္ထူစက္ကူတို့ တင်ပို့လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင်(၃၀၆) ဒေါ်လာ၊ ကြက်သွန်ဖြူတစ်တန်လျှင် (၁၄၂၇)ဒေါ်လာ၊ လက္ဘက်ခြောက် တစ်တန်လျှင် (၅၇၆) ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၃)ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး-တာချီလိတ် ကုန်ကျစ် တစ်တန် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ (၁၇၀၀၀၀) ကျပ်နှင့် ကျိုင်းတုံ-တာချီလိတ် ကုန်ကျစ် တစ်တန် (၃၀၀၀၀) ကျပ်၊ ကုန်ပွတစ်တန် (၄၀၀၀၀) ကျပ် ဖြစ်ပါသည်။ ၁၇-၆-၂၀၂၃ ရက်နေ့မှ ၂၃-၆-၂၀၂၃ ရက်နေ့ထိပြောင်းတန်ချိန် (၆၅၈၉) တန်၊ တန်ဖိုး (၂.၀၄၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၁၆၄) တန်၊ တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ လက်ဖက်ခြောက် တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ကတ္ထူစက္ကူ (၁၇၂)တန်၊ တန်ဖိုး(၀.၁၉၈)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တာချီလိတ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ (၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်းသယ်ဆောင်ခွင့် လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့လျက်ရှိပါ သည်။ ငွေလဲနှုန်းအနေဖြင့်ကျပ်(၁)သိန်းလျှင်(၁၁၄၅)ဘတ် ဖြစ်ပေါ်ခဲ့သည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိရာ အများဆုံးသွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ဘိလပ်မြေ၊ သံမဏိချောင်း၊ သံချောင်း၊ ဒီဇယ်၊ ဓါတ်ဆီ၊ ကော်ပိုက်၊ မီးခံအုတ်၊ ကွန်ကရစ်အမိုးပြားတို့ တင်သွင်းလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၇၉.၁၃)ဒေါ်လာ၊ သံချောင်းတစ်တန် လျှင်(၆၉၂.၄၈) ဒေါ်လာ၊ ဒီဇယ်ဆီ တစ်တန်လျှင် (၇၈၂.၇၉)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင်(၇၈၂.၆၁၁) ဒေါ်လာ၊ ကော်ပိုက်တစ်တန်လျှင် (၁၅၄၃.၁၅၇) ဒေါ်လာ၊ ကွန်ကရစ်အမိုးပြားတစ်တန်လျှင် (၂၃၇.၄၂) ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်တစ်တန်လျှင် (၂၂၀၀၀)ကျပ် နှင့်ကုန်ပွတစ်တန်လျှင် (၃၀၀၀၀) ကျပ်ဖြစ်ပါသည်။ ၁၇-၆-၂၀၂၃ ရက်နေ့မှ ၂၃-၆-၂၀၂၃ ရက်နေ့ထိဘိလပ်မြေ (၄၄၅၇) တန်၊တန်ဖိုး (၀.၃၅၅) ဒေါ်လာသန်း၊ ဒီဇယ်ဆီ (၄၁၉၂ BBL) ၊ တန်ဖိုး (၀.၄၂၅) ဒေါ်လာသန်း၊ ဓါတ်ဆီ (၂၉၉၀BBL)၊ တန်ဖိုး (၀.၃၀၇) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၄၉၄) တန်၊ တန်ဖိုး (၀.၁၁၈) ဒေါ်လာသန်း၊ သံချောင်း (၁၂၂) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက် (၁၂၆) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ပလပ်စတစ်ပိုက် (၂၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်းတို့ တင်သွင်း ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့်ကျပ် (၁) သိန်းလျှင် (၁၁၄၅) ဘတ်ဖြစ်ပေါ်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News