Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

         ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

        ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၀၄၇)၊ တန်ဖိုး အများဆုံးတင်ပို့နိုင်သည့် ပို့ကုန် အမေရိကန်ဒေါ်လာ (၅၈၄၃.၂)ဒေါ်လာ၊ (၁)တန်စျေးနှုန်း (၈၈၀) အမေရိကန်ဒေါ်လာ၊ တူးခက် တန်ချိန် (၆.၄၈၀)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၅၂၄၈.၈၀)ဒေါ်လာ၊ (၁)တန် စျေးနှုန်း (၈၁၀) အမေရိကန်ဒေါ်လာ၊ ငါးပုလွေ တန်ချိန် (၂.၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၅၉၆)ဒေါ်လာ၊ (၁)တန် စျေးနှုန်း (၁၁၈၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ် တန်ချိန် (၂.၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၅၂၀)ဒေါ်လာ၊ (၁)တန် စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊   ကြိမ်မွှေ့တောင်း   တန်ချိန် ( ၀.၇၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ  (၁၁၇၃.၆၀)ဒေါ်လာ၊ (၁)တန်စျေးနှုန်း (၁၆၃၀)   အမေရိကန်ဒေါ်လာ၊ ငါးစက္ကူ တန်ချိန် (၀.၆၀)၊ တန်ဖိုး  အမေရိကန်ဒေါ်လာ (၉၉၆)ဒေါ်လာ၊ (၁)တန် စျေးနှုန်း (၁၆၆၀) အမေရိကန် ဒေါ်လာ၊ ဘဝဲ တန်ချိန် (၀.၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၅၈) ဒေါ်လာ၊ (၁)တန်စျေးနှုန်း (၂၂၉၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေ တန်ချိန် (၀.၁၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၂၄) ဒေါ်လာ၊ (၁)တန်စျေးနှုန်း (၁၄၀၀) အမေရိကန်ဒေါ်လာ၊ ကုလားကုတ် တန်ချိန် (၀.၀၈)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၂၄.၈) ဒေါ်လာ၊ (၁)တန်စျေးနှုန်း (၁၅၆၀) အမေရိကန်ဒေါ်လာ တို့ဖြစ်သည်။

             အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ်တန်ချိန်(၈၀၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၆၁၀၀၀၀)၊ (၁)တန်စျေးနှုန်း (၇၆၂.၅) အမေရိကန်ဒေါ်လာ၊ ဓာတ်ဆီ တန်ချိန် (၁၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၃၀၀၀)၊ (၁)တန်စျေးနှုန်း (၁၀၃၀) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၃၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၀၀၀)၊ (၁)တန်စျေးနှုန်း (၁၂၇၇.၇၇၇) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ရေခဲပုံး တန်ချိန် (၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀)၊ (၁)တန် စျေးနှုန်း (၁၆၆၆.၆၆၆) အမေရိကန် ဒေါ်လာ၊ မီးသွေးမှုန့် တန်ချိန် (၄၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၀၀၀)၊ (၁)တန်စျေးနှုန်း (၁၅၅.၅၅၅) အမေရိကန်ဒေါ်လာ၊ ထုံးမှုန့်တန်ချိန် (၁၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀၀)၊ (၁)တန် စျေး နှုန်း (၁၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီး ငါးသယ်လှေ ကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ်ရှိကြောင်း သိရှိရသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA  တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၆-၆-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၃၉) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၇.၈) ကျပ်ခန့်ဖြစ်သဖြင့် (၂၅-၆-၂၀၂၃)ရက်နေ့ထက် (၀.၈) မြင့်တက်သွားသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံ လျှင် (၁၁၂၅၀) ကျပ်ခန့်ဖြစ်သဖြင့် (၂၂-၆-၂၀၂၃) ရက်နေ့ထက် (၉၀၀) မြင့်တက်သွားကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News