Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်တာကုန်သွယ်မှုအခြေအနေနှင့် ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ (၁၇-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၀.၄၃၄)ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၆၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၉၉၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုတစ်ပတ်တွင် သွင်းကုန်ပိုင်းတွင် (၀.၀၃၂) ဒေါ်လာသန်းပိုမိုခဲ့သော်လည်း၊ ပို့ကုန်ပိုင်းတွင် (၀.၈၈၄) ဒေါ်လာသန်းလျော့နည်းခဲ့  သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၀.၈၅၂) ဒေါ်လာသန်း လျော့နည်းခဲ့သည်။ 

        ယခုအပတ်ပို့ကုန်ပိုင်းတွင် တစ်ဖက်တရုတ်နိုင်ငံသို့ အဓိကပို့ကုန်အဖြစ် တင်ပို့နေသော တစ်သျှူးငှက်ပျော အထွက်နှုန်းလျော့ကျမှုကြောင့် ယခင်တစ်ပတ်ထက် (၀.၈၈၄) ဒေါ်လာသန်းလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးအုပ်စုနှင့် လုပ်ငန်းသုံးပစ္စည်းအုပ်စုတို့ တင်သွင်းမှုပိုမိုခဲ့သဖြင့် ယခင်တစ်ပတ် ထက် (၀.၀၃၂) ဒေါ်လာသန်း ပိုမိုခဲ့သည်။

      ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၇၉)ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၅၇၅) တန်၊ တန်ဖိုး (၅၃၇၉၆၀၅) ဒေါ်လာနှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၀၂/၈၃) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၉၆၉) တန်၊ တန်ဖိုး (၂၇၄၆၃၃) ဒေါ်လာ တင်ပို့နိုင်ခဲ့သည်။

       သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ ဇွန်လ (၂၅) ရက်နေ့ထိ တန်ချိန် (၁၃၂၂)တန်တင်သွင်းခဲ့သည်။ အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာဖြင့် တန်ချိန် (၈၉၂) တန်၊ တန်ဖိုး (၃၁၂၂၀၀)ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၅၁.၄၅) တန်၊ တန်ဖိုး (၁၆၃၄၄၃) ဒေါ်လာ၊ Plastic Resin ဈေးနှုန်းတစ်တန်လျှင် (၁၀၀၀)ဒေါ်လာဖြင့် တန်ချိန် (၁၆၄) တန်၊ တန်ဖိုး (၁၆၄၀၀၀) ဒေါ်လာ၊ Iron Nail ဈေးနှုန်း တစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၂၀၃) တန်၊ တန်ဖိုး (၁၃၃၉၈၀) ဒေါ်လာ၊Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၇၉) တန်၊ တန်ဖိုး (၁၁၆၃၅၀) ဒေါ်လာ၊Ceramic Tile Plain ဈေးနှုန်း (1 M2) လျှင် (၃.၈) ဒေါ်လာဖြင့်  (၁၄၅၅၀) M2၊တန်ဖိုး (၅၅၂၉၀) ဒေါ်လာ၊ Brand New Car Tyre (Size : 14.00 R 25) ဈေးနှုန်း (၁ လုံး) လျှင် (၁၂၅) ဒေါ်လာဖြင့် (၄၁၀) လုံး၊ တန်ဖိုး (၅၁၂၅၀)ဒေါ်လာ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိသည်။

       ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News