Local News

ဈေးကွက်အတွင်း သကြားလက်ကျန် နည်းလာသည့်အတွက် သကြားစျေးအမြင့်ပိုင်းတွင်ရှိနေ

Last Updated:

         ပြည်တွင်းစျေးကွက်အတွင်း လက်ကျန်နည်းလာသည့်အတွက် သကြားစျေးအမြင့်ပိုင်းတွင်ရှိနေကြောင်းမြန်မာနိုင်ငံ သကြားနှင့် ကြံထွက် စ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ လတ်တလောတွင် ဒေါ်လာစျေး မြင့်တက်လာခြင်းကြောင့် စျေးမှာ အတက်စျေး တွင်ရှိနေခြင်းဖြစ်ကြောင်း လည်းသိရသည်။ ပြီးခဲ့သည့်လက ပြည်တွင်း၌ သကြားတပိဿာလျှင် ၃၀၇၅ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ ၃၂၀၀မှ ၃၃၀၀ ကျပ်ဝန်းကျင်အထိ ပေါက်စျေးရှိလာ​နေသည်။ 

        ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအ​တော် မြင့်တက်လာကြောင်း သိရသည်။ လက်ရှိ export အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိနေပြီး အဆိုပါနိုင်ငံသို့ သကြားမကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့‌ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ်ဒီဇင်ဘာလတွင်စတင်ပြီး ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိခြင်းကြောင့် သကြားလက်ကျန်မှာနည်းနေခြင်းဖြစ်ကြောင်း ယခုနှစ် ကြံစိုက်တောင်သူများအနေဖြင့် သကြားစျေးကောင်းခဲ့သည့်အတွက် စျေးနှုန်းရရှိမူ တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ကြံကြိတ်ရာသီအတွက် ကြံစျေး ၉ သောင်း သတ်မှတ်ထားရာမှ လက်ရှိသကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀ အထိ တိုးပေးခဲ့ကြောင်းလည်း သိရသည်။

Source: Popular News Journal

Category: Local News