ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်အိတ်ရေ (၅၀၀၀၀) ကို ယခုတစ်ပတ်အတွင်း ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွား
"ဒီတစ်ပတ်ထဲ ထုတ်ရောင်းပေးသွားမယ်။ လိုသလောက် ရောင်းပေးသွားမယ်"ဟု ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူ ဦးနေလင်းက ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။ ကနဦးအနေဖြင့် (၂၅% အဆင့် -single polished &sorted ) (၅၀) ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကို ဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျတွက်ချက် တင်ပို့ရောင်းချနေခြင်းဖြစ်ကြော
Source: Popular News Journal