Local News

ဩဂုတ်လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ သင်္ဘော (၅၄) စင်း ဆိုက်ကပ်ကုန်သွယ်မည်

Last Updated:

     ယခုအခါ ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ထို့ပြင် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ယခုလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင် သင်္ဘော (၅၄) စီး ဝင်ရောက်ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်နေပြီး ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အခြေအနေများ ရှိလာပါကလည်း ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ သိရှိနိုင်ရန် အချိန်နှင့်တပြေးညီ  သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း (၁၃) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၅၀) စင်း ဆိုက်ကပ်၍ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Source: Popular News Journal

Category: Local News