Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ မှ (၂၆)ရက်နေ့အထိ ကုန်သွယ်မှုသတင်

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၆)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၇.၅၈၆) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၀၇၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၉.၆၅၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀) မျိုးမှာ ရော်ဘာ(၁၈၆၈)တန်၊ တန်ဖိုး (၂.၃၀) ဒေါ်လာသန်း၊ ပဲယင်း (၁၆၀၇.၂၄၆)တန်၊ တန်ဖိုး (၁.၂၈၂)ဒေါ်လာသန်း၊ ပဲတီစိမ်း(၉၅၁.၅၀)တန်၊ တန်ဖိုး (၀.၇၁၁)ဒေါ်လာသန်း၊ ပြောင်း (၅၃၅.၂၅)တန်၊ တန်ဖိုး (၀.၄၇၂)ဒေါ်လာသန်း၊ ဆန်ကွဲ (၅၉၀.၅၀)တန်၊တန်ဖိုး(၀.၄၂၆)ဒေါ်လာသန်း၊နှမ်း(နက်)(၂၃၄.၃၇၉)တန်၊တန်ဖိုး (၀.၃၇၂) ဒေါ်လာ သန်း၊ ပဲနီကြား (၅၃၄.၀၃၄)တန်၊ တန်ဖိုး (၀.၃၂၈)ဒေါ်လာသန်း၊ မြေထောက်ပဲ (၂၀၄.၀၀)တန်၊ တန်ဖိုး(၀.၃၂၃)ဒေါ်လာသန်း၊ စွန်တာနီပဲ(၄၀၈.၀၀)တန်၊ တန်ဖိုး (၀.၂၄၁) ဒေါ်လာသန်းနှင့် ပဲလွန်းဖြူ (၃၅၈.၅၀) တန်၊ တန်ဖိုး (၀.၂၁၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ(၇.၀၉၃)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၃.၀၆၇)ဒေါ်လာ သန်း၊ ချည်ထည်များ (၂.၉၈၀)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၇၂၂) ဒေါ်လာ သန်း၊စက်နှင့်စက်ပစ္စည်းများ(၀.၅၅၄)ဒေါ်လာသန်း၊ ချုပ်ပြီးအထည်များ (၀.၄၃၁) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၀.၂၉၀)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၂၂၃)ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၂၀၃)ဒေါ်လာသန်းနှင့် လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၁၂၆)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခတစ်ပိဿာလျှင်(၈၀)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကုန်ကျစ်ကားခ တစ်ပိဿာ လျှင်(၁၇၀)ကျပ်၊ ကုန်ပွကားခတစ်ပိဿာလျှင် (၁၈၅) ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာ နှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊  ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း  ကောင်းမွန်ပြီး  ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News