Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် လက်ဖက်ခြောက် (၁၆.၈) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ထောပတ်သီး (၁၃) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလတ်စတစ်ဖြတ်စ (၁၆) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း စုစုပေါင်း (၀.၀၂၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်းလျက်ရှိပြီး ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ဘိလပ်မြေ (၂၇၅)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊​ မီးခံအုတ် (၃၆) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြွေပြား (၁၃၅)စတုရန်းမီတာ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်းများတန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်း အနေဖြင့် ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၁၁၁၁) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News