Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုဆောင်ရွက်နိုင်မှု အခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်းများအရ ပို့ကုန် အမေရိ ကန်ဒေါ်လာ (၀.၂၇၈၄) သန်းဖြစ်ကြောင်း သိရှိရသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ အနေဖြင့် မန်ကျည်းစေ့ (၁၇၆) တန်၊ ဆီးဖတ် (၆၀) တန်၊ အုန်းသီးခြောက် (၈၃) တန်၊ ကွမ်းသီး (၁၈.၅) တန်၊ ဂျင်းအစို (၂၅) တန်၊ နနွင်းတက် (၈)တန်၊ ငါးမြစ်ချင်း (၁-၂) (၄၃.၆၈) တန်၊ ငါးမြစ်ချင်း (၂-၃) (၄၂.၉၁၂) တန်၊ ငါးမြစ်ချင်း (၃-၅) (၁၃.၇၂၈)တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) (၆.၂၄) တန်၊ ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) (၁၀.၈)တန်၊ ငါးသလောက် (၅၀၀-၈၀၀) (၀.၅၀၄) တန်၊ ငါးသလောက်(၈၀၀-၁၀၀၀) (၁.၀၅၀)တန်၊ ငါးသလောက်(၁၀၀၀-၁၂၀၀) (၀.၉၆၆) တန်၊ ဆီးယိုထုပ် (၃) တန်တို့ကို တင်ပို့နိုင်ခဲ့သည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁) ဒေါ်လာလျှင် (၁၁၉) တာကာနှင့် (၁) တာကာလျှင် (၂၇.၁၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News