Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၅-၁၀-၂၀၂၃) မှ (၂၉-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၅၁၂) တန်၊ တန်ဖိုး (၀.၂၃၅) ဒေါ်လာသန်း၊ ပြောင်း (၅၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ရော်ဘာ (၃၁.၀၀) တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါတယ်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာတစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ် ရှိကြောင်းသိရှိရပါတယ်။

ယခုအပတ်အတွင်းပိတ်လိပ် (၁၀၇.၉၀) တန်၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊ ကော်စေ့ (၃၇.၄၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ ထွန်စက် (၉) U ၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ ပီနံအိတ် (၃၇.၃၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ချည် (၂၆.၅၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ကျောက်ခွဲစက် (၁) U၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၅.၁၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ သားရေတု (၁၄.၅၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံပိုက် (၃.၅၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဖော့ (၃.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကုန်စုံ (၂၇၇.၄၀) တန်၊ (၂၃၉၂၉) U၊တန်ဖိုး (၀.၂၃၃) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါတယ်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ(၁၂)ဘီး ယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်းသိရှိရပါတယ်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) -  စိန်လုံ  -  လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါတယ်။

Source: https://commerce.gov.mm

Category: Local News