Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၄-၁၀-၂၀၂၃)ရက်နေ့မှ (၂၇-၁၀-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့်ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းသီးခြောက်၊ ပဲလွန်းဖြူ၊ မတ်ပဲ၊ ဆီးဖြူသီးခြောက်၊ ကြာပန်းပွင့်ဆံခြောက်၊ ရေထွက်ပစ္စည်းများဖြစ်သော ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးခွေးလျှာ၊ ငါးပါးနီ၊ ငါးသလောက် နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။

(၂၄-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။ ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေး မှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၄-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၂၄-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်ကတစ်ဘတ်လျှင်(၈၉.၂၈)ကျပ်ရှိပြီး ယခုအပတ်တွင် (၈၉.၆၉) ကျပ် ဖြစ်ပါသဖြင့် ဘတ်စျေးအနည်းငယ် မြင့်တက်လာပါသည်။

(၂၁-၁၀-၂၀၂၃ မှ၂၇-၁၀-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာချုပ်ပြီး အထည် (၉၃၂၄၈)U၊ (၆.၂၄၁) တန်(၁.၂၆၁)‌ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၆၆၄.၇၄၆) ဒေါ်လာဖြင့် (၁၃၅၃.၉၀၀) တန် (၀.၉၀၀) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၅၃၉.၀၈၉) ဒေါ်လာဖြင့် (၄၄၈.၃၁၇)တန် (၀.၆၉၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၂၄.၀၆၁) ဒေါ်လာဖြင့် (၈၀၂.၃၁၇)တန် (၀.၂၆၀)ဒေါ်လာသန်း၊မတ်ပဲ (၁) တန်လျှင် (၉၇၄.၅၅၉) ဒေါ်လာဖြင့် (၂၅၅.၅၀၀) တန် (၀.၂၄၉) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၄၀၀) ဒေါ်လာဖြင့် (၁၀၀) တန် (၀.၁၄၀) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၄၄၉.၅၇၉) ဒေါ်လာဖြင့် (၉၅.၂၀၀) တန် (၀.၁၃၈) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀.၃၄၂) ဒေါ်လာဖြင့် (၅၈၄) တန် (၀.၁၁၇) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၁၄၄.၉၄၃) ဒေါ်လာဖြင့် (၆၀.၂၆၅) တန် (၀.၀၆၉) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁) တန်လျှင် (၆၀၄.၁၆၆) ဒေါ်လာဖြင့် (၄၈) တန် (၀.၀၂၉) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

(၂၁-၁၀-၂၀၂၃ မှ ၂၇-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၆၀၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁.၅၅၉) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၈၇၁) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၆၂၀) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၄၈၉) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၃၉၁) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၃၆၇) ဒေါ်လာသန်း၊ ချည်ထည်များ(၀.၃၅၈)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၃၀၃) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၂၉၉) ဒေါ်လာ သန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၇.၅၉၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၅၇.၀၄၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၇၄.၆၄၃) ကန်ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News