Local News

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရှမ်းပြည်ဒေသထွက် လိမ္မော်သီးများ စတင်ဝင်ရောက်

Last Updated:

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှ ထွက်ရှိသော လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ရှမ်းပြည်နယ်မှ ထွက်ရှိသောလိမ္မော်သီးများမှာ ဆောင်းဦးတွင် စတင်ဝင်ရောက်ပြီး၊ ဆောင်းတွင်းကာလတွင် အပေါများဆုံးဖြစ်ပါသည်။ တောင်ငူမြို့ညောင်ပင်ဈေးရှိ ရှမ်းပြည်ကုန်များရောင်းချသူနှင့် သစ်သီးဆိုင်များတွင် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် လိမ္မော်သီးအား အဓိကရောင်းချကြပါသည်။ အောင်ပန်းဒေသထွက် လိမ္မော်သီးဈေးနှုန်းများအနေဖြင့် လိမ္မော်သီး အရွယ်အစား အကြီး၊ အလတ်၊ အသေးလိုက် (၁)ပိဿာလျှင် ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၃၅၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်ထိ ဈေးနှုန်း အသီးသီး ဖြစ်ပေါ်လျက်ရှိပါသည်။

ယခုကာလတွင် ဘုရားတွင်သစ်သီးဆွမ်းကပ်လှူခြင်း၊ လူကြီးမိဘဆရာသမားများအား သစ်သီးများဖြင့် ကန်တော့ကြခြင်းကြောင့် လိမ္မော်သီးများ ရောင်းအားသွက်လျက်ရှိကြောင်းနှင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ရှမ်းပြည်နယ်ထွက် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News