Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၁-၈-၂၀၂၃ မှ ၂၅-၈-၂၀၂၃)အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2023 Crop)ကျပ် ၂၄၄၅၀၀၀၊ မတ်ပဲ SQ/RC (2023 Crop)ကျပ် ၂၆၁၅၀၀၀နှင့် ပဲစင်းငုံ Red/RC (2023 Crop)ကျပ် ၃၆၁၂၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2023 Crop)ကျပ် ၉၅၀၀၊ မတ်ပဲ SQ/RC (2023 Crop)ကျပ် ၁၄၅၀၀နှင့် ပဲစင်းငုံ Red/RC (2023 Crop)ကျပ် ၁၁၂၅၀၀ ဈေးကျ ဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲ ငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီကျပ် ၁၂၀၀၀၊ အိမ်မဲကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု)ကျပ် ၁၆၀၀၀နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး ဈေးများငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည်အိတ်ပေါင်း ၂၀၀၀ (၄၀၀၀၀ ပိဿာ)နှင့် ငရုတ် ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ)ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၂၂၀၀ (၄၄၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၂၀၀ (၄၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ပြီး ငရုတ်ပုမှာ ယခင် အပတ်အတိုင်း အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့် ကပ်(သစ်)ကျပ် ၁၂၅၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိ ကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၃၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၄၁၀၀၊ ပခုက္ကူ ကြမ်းကျပ် ၃၇၀၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၄၅၀၀၊ ကြံသကာ(စစ်)ကျပ် ၃၀၀၀နှင့် သကြား (ပြည်တွင်း)ကျပ် ၃၆၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး)ကျပ် ၅၀ နှင့် ကြံသကာ(စစ်)ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး ပခုက္ကူကြမ်းကျပ် ၁၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၅၀ ဈေးမြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီ

    ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ)ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ်ကျပ် ၃၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၃၀၅၀၊ ဆိပ်ဖြူလတ်သန့်ကျပ် ၃၀၀၀၊ ဆိပ်ဖြူလတ်ချောကျပ် ၂၅၀၀၊ မုံရွာရှယ်ကျပ် ၃၁၀၀၊ မုံရွာလတ်ကြီးကျပ် ၃၀၅၀၊ မုံရွာလတ်သန့်ကျပ် ၃၀၀၀နှင့် မုံရွာလတ်ချောကျပ် ၂၅၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ်ကျပ် ၂၀၀၊ ဆိပ်ဖြူလတ်ကြီးကျပ် ၁၅၀၊ ဆိပ်ဖြူ လတ်သန့်ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချောကျပ် ၂၀၀၊ မုံရွာရှယ်ကျပ် ၂၀၀၊ မုံရွာလတ်ကြီးကျပ် ၁၅၀၊ မုံရွာလတ်သန့်ကျပ် ၁၀၀နှင့် မုံရွာလတ်ချောကျပ် ၂၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင် သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၀ စီး (၅၄၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ ၉၆ စီး (၅၇၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ကြက်သွန်နီ ကားစီးရေ ၆ စီး (၃၆၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

    ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၈၀၀၊ အောင်ပန်း ထူး-၃ ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိပါသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၇၀၀ (၈၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကြက်သွန်ဖြူအိတ် ၂၆၀၀ (၇၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၁၀၀ (၃၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

(Domestic ygn-MITC)

Category: Local News