Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်၊ ဈေးနှုန်းများနှင့် မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူတို့ ဈေးမြင့်တက် နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၁၀၄၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၅၀၀၀-၁၃၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၅၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၆၀၀၀) ယခင်လကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ရှိပြီး ယခုအပတ်နှင့် ယခင်လကာလတူနှိုင်းယှဉ်ပါက နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၂၅၀၀၀)ကျပ်‌‌၊ နှမ်းဖြူတစ်တင်းလျှင် (၁၅၀၀၀) ကျပ်‌‌ ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (အဟောင်း-၉၈၀၀/ အသစ်-၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၀၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၅၅၀)ကျပ်ရှိပြီး ယခင်လအတွင်း ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၀၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၆၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၆၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံဈေး အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News