Local News

မိုးမြေပဲစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Last Updated:

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးမြေပဲစိုက်ဧကမှာ ၉၃၉၃ ဧကရှိပြီး ကသစ်ကိုင်းကျေးရွာ အုပ်စုတွင် ၁၈၅ ဧကစိုက်ပျိုးထားရှိကြောင်း၊ မိုးမြေပဲတစ်ဧကအထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် တင်း(၅၀)ခန့် ထွက်ရှိပြီးယခုနှစ်တွင် တစ်ဧကလျှင် (၅၅) တင်းခန့် ထွက်ရှိသဖြင့် ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည်။

ဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် မြေပဲဆန် တစ်ပိဿာလျှင် ၆၂၅၀ ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ရောင်းချရသဖြင့် ဈေးအနည်းငယ် ပိုမိုရရှိလာပြီး ဝင်ငွေအနေဖြင့် အနည်းငယ်ပိုမိုရရှိကြောင်း၊ တစ်ဧက တောင်သူအကျိုးအမြတ်အနေဖြင့် ယခင်နှစ်တွင် (၁၅) သိန်းကျော် ရရှိပြီး ယခုနှစ်တွင် (၁၆) သိန်းကျော် ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် အကျိုးအမြတ်အနည်းငယ် ပိုလာကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News