Local News

ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်

Last Updated:

ရွှေမန်း

ပြည်တွင်းငရုတ်သီးဈေးကွက်တွင် နိုဝင်ဘာလ တတိယပတ်က ဈေးထက် ရက်ပိုင်း၌ အနည်းငယ်ကျဆင်းခဲ့ကာ ဈေးမငြိမ်ဖြစ်နေသော်လည်း ထိုင်းနိုင်ငံဘက်မှ ငရုတ်သီးဝယ်လိုအား ရှိလာနိုင်သည့်အပြင် တရုတ်ဈေးကွက်မှ စတင်ဝယ်ယူနေပြီဖြစ်၍ ဈေးကောင်းရလာနိုင်ကြောင်း သိရသည်။ာ မန္တလေးတိုင်းဒေသကြီး ကူမဲ၊ မိတ္ထီလာဘက်တွင် စိုက်ပျိုးမှု နောက်ကျခဲ့သော ငရုတ်သီးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ ပြည်ပဝယ်ယူမှုရှိလာသဖြင့် ဈေးကောင်းရလာနိုင်တော့မည်ဟု ငရုတ်ပွဲစားတစ်ဦးက  ပြောသည်။

"ငရုတ်သီးက ဧရာ၀တီတိုင်းဘက်က ထွက်နေပြီး ဖေဖော်ဝါရီလဆိုရင် အများကြီးထွက်တော့မယ်။ ထိုင်းနိုင်ငံဘက်မှာ ငရုတ်ရာသီ ကုန်တော့မယ်ဆိုတော့ လိုအပ်ချက်ရှိလာပြီဖြစ်လို့ မြန်မာငရုတ်ကို ဈေးကောင်းရလာနိုင်တယ်။ တရုတ်ဘက်ကလည်း ဝယ်နေပြီ။ မန္တလေး-ကျိုင်းတုံ-မိုင်းလား လမ်းပိုင်းကနေ သွားတာပါ"ဟု ၎င်းက ပြောသည်။ ငရုတ်သီးဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ဝန်းကျင်ပေါက်ဈေးရှိရာ ဈေးမတည်ငြိမ်သော်လည်း ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်နိုင်ငံဘက်မှ တစ်ပိဿာငွေ ကျပ်  ၅၀၀၀ ဖြင့် ကြမ်းခင်းဈေးဖွင့် ဝယ်ယူနေကြောင်း၊  ထိုင်းနိုင်ငံဘက်က အဝယ်နဲဆိုရင် ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းရလာနိုင်ကြောင်း ငရုတ်ကုန်သည်များက သုံးသပ်ကြသည်။

"ဧရာ၀တီတိုင်းဒေသကြီးက ငရုတ်စတင်ထွက်နေပြီး ကျောက်ဆည်ဘက်က တုန်းသွားပြီ။ ကူမဲ၊ မိတ္ထီလာဘက်က ထွက်တော့မယ်။ ငရုတ်သီးဖြုန်းအားကောင်းဖို့ လုပ်ရမှာပါ။ ထိုင်းနိုင်ငံဘက်ကို တင်ပို့တဲ့အခါ နယ်စပ်ဂိတ်တွေကို အားကိုးရတာပါ။ ကားခ ဈေးကြီးတာနဲ့ အခွန်အခနှုန်းထားတွေကြောင့် ဈေးကောင်းရဖို့  တော့လိုတယ်"ဟု ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ စစ်ကိုင်း၊ ရှမ်း၊ မကွေးစတဲ့ ဒေသအသီးသီးအားလုံးက စိုက်ပျိုးသူများပြားလာသည့်အတွက် ထွက်အားလည်း ကောင်းလာသဖြင့် ပြည်ပဈေးကွက်ဝယ်လိုအား လိုအပ်ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးမှ လာမည့်ဖေဖော်ဝါရီလတွင် လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News