Local News

စလင်းမြို့နယ်တွင် ဧရာမင်းမိုးစပါးများ ရိတ်သိမ်း

Last Updated:

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသည် ဧရာမင်းမိုးစပါး စိုက်ပျိုးတောင်သူ (၁၂၀) ဦးရှိပြီး စိုက်ဧကမှာ (၆၀၀) ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ ဧရာမင်းစပါးမျိုးကို ဒေသတွင်းစပါးစိုက်တောင်သူများထံမှ (၁)တင်းလျှင် ကျပ် (၃၃,၀၀၀-၃၄,၀၀၀) ဖြင့်ဝယ်ယူရကြောင်း၊ (၁) ဧကလျှင် မျိုး(၂)တင်း ကုန်ကျပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (ပထမပတ်)တွင် ပျိုးထောင်၍ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် အပြီးရိတ်သိမ်းကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခများ ကုန်ကျစရိတ်မှာ (၁) ဧကလျှင်ကျပ် (၁၆) သိန်းခန့် ကုန်ကျပါကြောင်း၊ မိုးစပါးကို ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ရိတ်သိမ်းခဲ့ရာ စပါး(၁) ဧကလျှင် (၇၅) တင်း ပျမ်းမျှထွက်ရှိပြီး ဧရာမင်း (သစ်) တစ်တင်းလျှင် ကျပ် (၃၁,၀၀၀-၃၂,၀၀၀) အထိ ရရှိကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၁) ဧကလျှင် (၈) သိန်းခန့် ရရှိခဲ့ကြောင်း၊ ထွက်ရှိသည့် စပါးများကို ကျေးရွာရှိ စပါးပွဲစားများမှတစ်ဆင့် မြို့ပေါ်ရှိ ကုန်သည်များနှင့် ဆန်စက်များသို့ ရောင်းချကြကြောင်း သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News