Local News

ပေါက်ခေါင်းမြို့တွင် ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ် ပိုမိုရရှိ

Last Updated:

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများအား အောက်တိုဘာလဆန်းမှ စတင်၍ စိုက်ပျိုးထားရှိကြောင်း၊ ပန်းဂေါ်ဖီ စိုက်ဧက (၀.၂၅) ဧက ရှိပြီး အပင်ပေါင်း (၂,၂၀၀) ခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၁၃၀,၅၀၀) ကျပ် ကုန်ကျပြီး၊ ဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင်ထွက်ရှိကာ၊ အပွင့်ရေ (၂၀၀၀)ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသော ပန်းဂေါ်ဖီများကို တစ်ပွင့်လျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ပေါက်ခေါင်း မြို့မှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည် ဈေးကွက်သို့ တင်ပို့ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ပန်းဂေါ်ဖီစိုက်ပျိုးသည့် တောင်သူများအနေဖြင့် (၀.၂၅) ဧကအတွက် စုစုပေါင်းဝင်ငွေ (၈၀၀,၀၀၀) ကျပ်ခန့်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် ကျပ် (၆) သိန်းခန့်ရရှိကြောင်း သိရှိရသည်။

Source: DOCA (ပဲခူး)

Source: https://commerce.gov.mm

Category: Local News