Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၇) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၇၇၅) ဒေါ်လာနှုန်းဖြင့်( ၄ ) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ပုစွန်စာ တစ်တန်လျှင် (၂၉၈) ဒေါ်လာနှုန်းဖြင့်( ၁၅၀ ) တန်၊ တန်ဖိုး (၀.၀၄၄) ဒေါ်လာသန်း ဓာတ်ဆီ တစ်တန်လျှင် (၉၅၂) ဒေါ်လာနှုန်းဖြင့် ( ၁၃၅ ) တန် ၊ တန်ဖိုး (၀.၁၂၉) ဒေါ်လာသန်း၊ ဒီဇယ်ဆီ တစ်တန်လျှင် (၈၂၃)ဒေါ်လာနှုန်းဖြင့်( ၂၃၀၀ )တန် ၊ တန်ဖိုး (၁.၈၉၃)ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၂.၀၆၆) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News