Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃) ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လိမ္မော်သီး (၁၁၈.၈) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၀၉) တန်၊ တန်ဖိုး(၀.၀၉၁)ဒေါ်လာသန်း၊ ထောပတ်သီး(၄၂၀)တန်၊ တန်ဖိုး(၀.၂၂၉)ဒေါ်လာသန်း၊လက်ဖက်ခြောက်(၁၆.၈) တန်၊ တန်ဖိုး(၀.၀၀၉) ဒေါ်လာသန်း၊ဆီးဆံ(၁၇) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၁) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၄၀) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၂၀) တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၄၇၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၀၀၅) ဘတ်ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃) တွင် ဓာတ်ဆီ (၁၇၉၄) BBL ၊ တန်ဖိုး(၀.၂၀၀) ဒေါ်လာသန်း၊ ဒီဇယ် (၄၄၅၄) BBL ၊ တန်ဖိုး(၀.၅၂၀) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၁၉၈)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၀၉) ဒေါ်လာသန်း၊  တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၅၃) ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်းများ (၀.၀၀၆) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၁၆၀) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၉) ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၀၆) ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၂) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၈၅၉) ဒေါ်လာသန်းတင်သွင်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News