Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ဒီဇင်ဘာလ(၁)ရက်မှ(၃၁)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်းဖြစ်သည်။ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၂၃.၆၉၂) ဒေါ်လာသန်း၊ သွင်းကုန်(၂.၇၁၈)ဒေါ်လာသန်း၊စုစုပေါင်း (၂၆.၄၁၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၄၂.၇၅၈%) ဆောင်ရွက်ပြီးဖြစ်သဖြင့် ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်အပေါ် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့သည်။

ဒီဇင်ဘာလ (၃၁) ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေဖရုံသီး၊သခွါးမွှေး၊ Marble Stone ၊ ရော်ဘာ၊ ငရုတ်သီး၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့သည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၃၁)ရက်နေ့ထိကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၆၀၉၉၂) တန်၊ တန်ဖိုး(၂၁.၀၆၉) ဒေါ်လာသန်း၊ ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့်တန်ချိန် (၄၂၆)တန်၊ တန်ဖိုး (၀.၅၈၀) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၈၇) တန်၊တန်ဖိုး(၀.၁၆၁)ဒေါ်လာသန်း၊ ရှောက်ကောပါကောတင်ပို့မှုအနေဖြင့် တန်ချိန်(၈၀)တန်၊ တန်ဖိုး(၀.၀၉၀)ဒေါ်လာသန်း၊ Marble Stone တင်ပို့မှုအနေဖြင့် တန်ချိန်(၅၀၀)တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ သခွါးမွှေးတင်ပို့မှုအနေဖြင့် တန်ချိန်(၂၅)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၈၉၅)တန်၊ တန်ဖိုး (၁.၆၃၈) ဒေါ်လာသန်း၊ ရွှေဖရုံသီးတန်ချိန်(၆၅)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ငရုတ်သီး(အစိမ်း) တန်ချိန်(၈၅)တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၄၄၄.၆၅) တန်၊ တန်ဖိုး(၀.၆၂၅)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၉၁၂.၁၄၅) တန်၊ တန်ဖိုး (၁.၄၀၉) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၀၅၉.၃၀) တန်၊ တန်ဖိုး (၀.၆၈၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့သည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News