Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၇-၁၂-၂၀၂၃) မှ (၃၁-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၀၆၈.၄၀) တန်၊ တန်ဖိုး (၁.၁၅၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၉၇.၈၅) တန်၊ တန်ဖိုး (၀.၂၁၇) ဒေါ်လာသန်း၊ ပြောင်း (၁၁၈၁.၅၀)တန်၊ တန်ဖိုး (၀.၂၉၀) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၅၅၂.၀၀) တန်၊ တန်ဖိုး (၀.၅၆၃) ဒေါ်လာသန်း၊ ဖရဲသီး (၉၆၁.၀၀) တန်၊ တန်ဖိုး (၀.၁၃၈) ဒေါ်လာသန်း၊ သခွားမွှေး (၄၄၈.၀၀) တန်၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်း၊ ကြံ (၃၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ရှောက်ကောသီး (၅၆.၆၆) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ပဲယင်း (၉၉.၀၀) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ သီဟိုစေ့ (၃၀.၄၀) တန်၊ တန်ဖိုး (၀.၁၅၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၅၇၂၈၆၀) U ၊တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ စက္ကူလိပ် (၆.၅၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကော်စေ့ (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဂျပ်ဖာ (၆၀.၂၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ပီနံအိတ် (၃၆.၀၀) တန်၊ တန်ဖိုး(၀.၀၂၈) ဒေါ်လာသန်း၊ တစ်ရှူးလိပ် (၁၁.၀၀) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ မြက်ခင်းတု (၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ စောင် (၁၁.၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ဖော့ (၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၂၁၅.၀၀) တန်၊ တန်ဖိုး (၀.၁၆၈) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကုန်စုံ (၆၇၀.၃၅) တန်၊ (၁၀၂၄၆၀) U၊ (၂၈၈၄၀) PR၊ တန်ဖိုး (၀.၇၁၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခ မှာ(၁၂)ဘီးယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား  ဗန်းမော် - မိုးမောက်  (ကျောက်စခန်း) -  စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News