Local News

ပြည်ဈေးကွက်တွင် ဆောင်းမြေပဲဆံများ အရောင်းအဝယ်ဖြစ်

Last Updated:

ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များသို့ ယခုအချိန်ဆောင်းမြေပဲများပေါ်ချိန်ဖြစ်သဖြင့် ပြည်၊ အောင်လံကြားရှိ ကျေးရွာများ၊ ရွှေတောင်ဘက်ရှိ ကျီးသဲနှင့် ညောင်စာရေးရွာများမှ တစ်နေ့လျှင် ပိဿာ (၃၀)ဝင်အိတ် (၁၀၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များကို နယ်ဝယ်လက်နှင့် ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိ၍ တစ်နေ့လျှင်အိတ် ၇၀၀/၈၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းမြေပဲများပေါ်ချိန်ဖြစ်၍ ဝယ်လက်များ အဝယ်ရှိသဖြင့် မြေပဲဆံဈေးမှာ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ဝယ်လက်များက လုံးဆံ(အဖြူ)ကို မြဝတီဘက်သို့တင်ပို့ရန် အဝယ်ရှိသလို လုံးဆံအနီကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆီဆဲကို မြို့တွင်းဆီစက်သမားများက အဝယ်ရှိသလို နယ်ဝယ်လက်များကလည်း အဝယ်ရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ် တစ်နေ့လျှင် အိတ် ၅၀၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မြေပဲဆံ ဈေးနှုန်းများအနေဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဆီဆံတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ လုံးဆံ(အဖြူ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် လုံးဆံ(အနီ)တစ်ပိဿာလျှင် ၆၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

Source: https://www.doca.gov.mm

Category: Local News