Local News

ရွှေတောင်ခရမ်းချဉ်သီး ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

Last Updated:

ပြည်ခရိုင်ရှိ၊ ရွှေတောင်မြို့နယ်တွင် ဒေသမျိုးဖြစ်သော ခရမ်းချဉ်သီးများထွက်ပေါ်လာပြီး အထွက်နှုန်းလည်းကောင်းလာကြောင်း သိရပါသည်။ ရွှေတောင်မြို့ရှိကျေးရွာအချို့တွင် မြစ်ရေကျချိန် သဲသောင်ခုံများပေါ်တွင် စိုက်ပျိုးသောခရမ်းချဉ်သီးများစိုက်ပျိုးပြီး ယခုအချိန်တွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ပြည်မြို့ရှိဈေးကွက်များသို့ တင်ပို့ရောင်းချ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးဈေးများမှာ တစ်ပိဿာလျှင် ၁၀၀၀/၁၂၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ပေါ်ခါစအချိန်တွင် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် ၂၄၀၀ ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုအချိန် ဆောင်းရာသီတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာသဖြင့် ဈေးမှာလည်းကျလာ၍ စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးနိုင်ကြသဖြင့် အရောင်းအဝယ်မှာလည်း တစ်နေ့လျှင် ပိဿာချိန် ၅၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ယခုအချိန်ဖြစ်သော ဒီဇင်ဘာလနောက်ဆုံးပတ်သည် ဆောင်းရာသီဖြစ်၍ ရာသီစာ ခရမ်းချဉ်သီး ငပိချက်ကို အိမ်တိုင်းလိုလိုချက်ပြုတ်၍ စားသောက်ကြကာ ဝယ်လိုအားကောင်းသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေများလည်းရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News