Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ယခင်လကုန်နှင့် ယခုလကုန် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ လကုန်ပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ၊ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညိုနှင့်နှမ်းဝါ ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ ယခုလကုန်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၇၀၀၀-၁၃၅၀၀၀)ကျပ်ဖြစ်ကာ ယခင်လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၄၀၀၀-၁၁၁၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀ -၁၁၇၀၀၀) ကျပ်ရှိ၍ ယခင်လကုန် ကာလတူအချိန် နှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၁၁၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင်(၁၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၈၀၀၀) ကျပ်ဈေးမြှင့်တက်နေကြောင်းသိရ သည်။

ယခုလကုန်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀-၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်ရှိပြီး ယခင် လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ် ပိဿာ (၅၉၀၀) ကျပ်၊ ယခုလကုန် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၅၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၆၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News