Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ လကုန်ပတ်တွင် မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုးဈေးငြိမ်၍ ပဲကြီးဈေးကျဆင်းနေပြီး၊ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ကုလားပဲ 929၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲစင်းငုံ၊ ပြောင်းနီ၊ CP ပြောင်းဖူးစေ့နှင့် ပဲလွန်းဖြူးဈေးနှုန်းများ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုလကုန် သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ) (၁၁၀၀၀၀)ကျပ်၊ မတ်ပဲ (၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၃၅၀၀-၅၅၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၂၀၇၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး(သ) (၆၇၀၀၀)ကျပ်၊ ပဲနီလုံးကြား (သ) (၇၂၅၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၀၅၀၀) ကျပ်၊ ပြောင်းနီ (၂၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၁၀၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၁၀၁၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၅၀၀၀)ကျပ်၊ ပဲလွန်းဖြူ (၇၁၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လကုန်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(၁၂၈၀၀၀)ကျပ်၊ မတ်ပဲ (၉၂၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၉၀၀၀)ကျပ်၊ ပဲတီစိမ်း သေး (၄၃၀၀၀-၄၉၅၀၀) ကျပ်၊ ပဲစင်းငုံ (၁၀၁၈၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၅၀၀) ကျပ်၊ CP ပြောင်းဖူးစေ့(၁၈၅၀၀)ကျပ်၊ ပြောင်းနီ (၂၄၅၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၅၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၆၅၀၀) ကျပ်၊ ကုလားပဲ 929 (၉၄၀၀၀)ကျပ်၊  ပဲလွန်းပြာ (၆၈၅၀၀)ကျပ်၊ ပဲလွန်းဖြူ (၆၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ယခုလကုန်နှင့် ယခင်လကုန် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ကျဆင်းနေပြီး မတ်ပဲ တစ်တင်းလျှင် (၇၅၀၀) ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၅၅၀၀) ကျပ်၊ပဲစင်းငုံ တစ်တင်း (၁၈၉၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၃၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၇၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၁၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၅၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ ကုလားပဲ  929 (၁၀၀၀)ကျပ် ပဲလွန်း ဖြူတစ်တင်းလျှင် (၆၀၀၀)ကျပ် မြင့်တက်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News