Local News

မိတ္ထီလာခရိုင်၌ ယခုဘဏ္ဍာနှစ် အတွင်း ဆီထွက်သီးနှံစုံ စိုက်ပျိုးဧက ၃၉၇၂၀၀ ကျော် စိုက်ပျိုးထားရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ယခုဘဏ္ဍာနှစ်အတွင်း  ဆီထွက်သီးနှံစုံ စိုက်ပျိုးဧက   ၃၉၇၂၀၀  ကျော်   စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။စိုက်ပျိုးရေးဦးစီးဌာနမှ  ပြည်တွင်း စားသုံးဆီဖူလုံပြီး    ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံဖြစ်သည့်  နှမ်း၊ မြေပဲနှင့်နေကြာတို့ကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။  

ယင်းသို့ဆောင်ရွက်ရာတွင်  မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ   မိတ္ထီလာ၊ မလှိုင်၊  သာစည်၊ ဝမ်းတွင်းမြို့နယ်တို့၌  ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲတို့ကို မိုးဦးနှင့်မိုးနှောင်းရာသီ  (ဆောင်းရာသီ) တို့တွင် စိုက်ပျိုးပြီး နှမ်းကို နွေရာသီ၊  မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးကြသည်။ ယခုဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်၌ ဆီထွက်သီးနှံ ဖြစ်သည့် နှမ်းကို  နွေနှမ်းအဖြစ်  မိတ္ထီလာမြို့နယ်၌ ၂၁၁ ဧက၊ ဝမ်းတွင်းမြို့နယ်၌  ၉၈၂၆  ဧက စိုက်ပျိုးပြီး  မိုးရာသီတွင် မိုးနှမ်းအဖြစ် မိတ္ထီလာမြို့နယ်၌ ၉၃၀၈၄ ဧက၊ မလှိုင်မြို့နယ်၌ ၁၅၀၅၃၂ ဧက၊ သာစည်မြို့နယ်၌ ၂၆၈၁၆  ဧက၊  ဝမ်းတွင်းမြို့နယ်၌ ၄၆၂၃၁ ဧက တို့ကို  စိုက်ပျိုးခဲ့ကြောင်း၊  ထို့ပြင် မိုးနှောင်းရာသီ (ဆောင်းရာသီ) တွင် ဆောင်းနှမ်းအဖြစ်သာစည်မြို့နယ်၌ ၁၅၈၇ ဧက၊ ဝမ်းတွင်းမြို့နယ်၌ ၁၉၄၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  သိရသည်။

မိတ္ထီလာမြို့နယ်၌ မိုးနေကြာ ဧက ၂၀၅၀၊ မလှိုင်မြို့နယ်၌ ၄၇၁ ဧက၊ သာစည်မြို့နယ်၌ ၁၅၃၄ ဧက၊ ဝမ်းတွင်းမြို့နယ်၌  ၂၃၉  ဧက  စိုက်ပျိုးခဲ့ကြောင်း၊ ဆောင်းနေကြာကို  မိတ္ထီလာမြို့နယ်၌  ၁၈၆၆ ဧက၊ မလှိုင်မြို့နယ်၌ ၅၇၂ ဧက၊ သာစည်မြို့နယ်၌ ၅၄၅၂ ဧကနှင့် ဝမ်းတွင်းမြို့နယ်၌ ၂၁၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို မိတ္ထီလာမြို့နယ်၌ ၄၀၆၇ ဧက၊ မလှိုင်မြို့နယ်၌ ၂၇၉၇၄ ဧက၊ သာစည်မြို့နယ်၌  ဧက  ၃၂၄၀၊  ဝမ်းတွင်းမြို့နယ်၌ ၁၁၇၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းမြေပဲကို မိတ္ထီလာမြို့နယ်၌ ၃၈၈ ဧက၊ သာစည်မြို့နယ်၌ ၂၀၆၅ ဧက၊ ဝမ်းတွင်းမြို့နယ်၌  ၃၁၇၈   ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း  သိရသည်။

ယင်းသို့ ဆီထွက်သီးနှံစုံစိုက်ပျိုးရာတွင် မိတ္ထီလာ ခရိုင်   စိုက်ပျိုးရေးဦးစီးဌာန၏  ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံစုံ ၁၀၁၆၆၆ ဧက၊ မလှိုင်မြို့နယ်၌ ဆီထွက်သီးနှံစုံ   ၁၇၉၅၄၉ ဧက၊ သာစည်မြို့နယ်၌  ဆီထွက်သီးနှံစုံ ၄၀၆၉၄  ဧကနှင့် ဝမ်းတွင်းမြို့နယ်၌  ဆီထွက်သီးနှံစုံ  ၇၅၂၉၉  ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။               

Source: https://www.myawady.net.mm

Category: Local News