Local News

လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၁၉ သန်းကျော်တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၆ သန်းကျော်ရှိ

Last Updated:

          လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၁၉ သန်းကျော်တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၁၆ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံဘက်မှပို့ကုန်တန်ဖိုးဒေါ်လာ ၂၁၉ ဒသမ ၂၀၇ သန်း၊ ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၁ ဒသမ ၆၁၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၃၃၀ ဒသမ ၈၂၁ သန်းရှိသည်။

          ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ဧပြီမှ မတ်လအထိ မြန်မာနိုင်ငံဘက်မှပို့ကုန်တန်ဖိုးဒေါ်လာ ၃၆၈၄ ဒသမ ၉၂၃ သန်း၊ ထိုင်းနိုင်ငံဘက်မှသွင်း ကုန်တန်ဖိုး ဒေါ်လာ၂၃၁၃ ဒသမ၈၇၇ သန်း ဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၉၉၈ ဒသမ ၈၀၀ သန်း ရှိသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၉၁၁ သန်းကျော်တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၀၇၀ ကျော်သာရှိကြောင်း၊ ခြောက်လအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၂၉၈၁ ဒသမ ၅၇ သန်းရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

          ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၉၈၀ ကျော်သာရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ ၅၄၇ သန်း၊ ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၁၉၈၀ ဒသမ ၈၉၁ သန်းဖြင့်ကုန်သွယ်မှုဒေါ်လာ  ၅၂၆၈ ဒသမ ၄၃၈ သန်းရရှိခဲ့သည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာနို်ငငံဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းနိုင်ငံဘက်က သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။

          ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၂၁၂ ဒသမ၂၃၄သန်း တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

          အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့်အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။

Source: https://news-eleven.com

Category: Local News