Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ ဈေးနှုန်းကျဆင်းလာမှုအခြေအနေ

Last Updated:

          မေလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်ဘက်မှ ပြောင်းဖူးစေ့များဝင်ရောက်လျက်ရှိကြောင်း၊ တိရိစ္ဆာန်အစာတောင့်စက်ရုံများနှင့် ရန်ကုန်ဝယ်လက်မှ ဝယ်ယူမှုရှိသော်လည်း ပြည်ပတင်ပို့မှုမရှိခြင်းနှင့် ပြောင်းအသစ်များဝင်ရောက်မှုများခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း ဝယ်လိုအားကျဆင်းသွားခြင်း မဟုတ်သည့် အတွက် မကြာခင် ပြောင်းဈေးပြန်တက်လာမည်ဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင်သတင်းများအရသိရသည်။

          ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၉၀၀၀ မှ ၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၁၅၀၀ မှ ၆၂၀၀၀ ၊ယခင်လ ကျပ် ၆၁၀၀၀ မှ ၆၁၅၀၀ ဖြစ် သည်။  ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၂၅၀၀ ၊ ယခင်လထက် ကျပ် ၁၅၀၀ မှ ၂၀၀၀ နိမ့်ကျလာသည်။ စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၆၀၀၀၀ မှ ၅၉၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၁၅၀၀ မှ ၆၂၀၀၀၊ ယခင်လ ကျပ် ၆၁၀၀၀ မှ ၆၁၅၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၂၅၀၀ ၊ ယခင်လထက်ကျပ် ၁၅၀၀ မှ ၂၀၀၀  နိမ့်ကျလာသည်။

        ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်း မှာ ယခုတစ်ပတ် ကျပ် ၅၈၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၆၀၀၀၀ မှ ၆၀၅၀၀၊ ယခင်လ ကျပ် ၅၉၀၀၀ မှ ၆၀၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၂၅၀၀ ၊ ယခင်လ ထက်  ကျပ် ၁၀၀၀ မှ ၂၀၀၀ နိမ့်ကျလာသည်။

 မြင့်မြင့်လှိုင်                                                                                                        

Source: ရတနာပုံကုန်သွယ်မှုဗဟိုဌာန                    

Category: Local News