Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း ကံပိုင် တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ နိုင်လွန်ပဲနှင့် ဆန်ကွဲများတင်ပို့ခဲ့ပြီး ပို့ကုန်၏စုစုပေါင်းငွေပမာဏမှာ ၆၉၆၁၄၈.၆၁၀ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၇၆၇၃၇၅.၈ ၈၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၇၁၂၂၇.၂၇၀ ကန် ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း ပလပ်စ တစ်ကုန်ကြမ်း ပစ္စည်းများ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန် စက်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ စက်နှင့်စက် ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများတင်သွင်းခဲ့ပြီး သွင်းကုန် ၏ ငွေပမာဏတန်ဖိုးမှာ ၉၆၄၆၃၆.၂၉၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ တင်သွင်း ကုန်၏ ငွေပမာဏတန်ဖိုး ၁၁၉၉၂၈၃.၂၄၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်း ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၂၃၄၆၄၆.၉၅၀ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်သွင်းခဲ့သည်ကို တွေ့ရ ပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၆၈၄၈၇.၆၈ ကန်ဒေါ်လာ တန်ဖိုးလျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်း များမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၅ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၉.၈၅ ကျပ် ရှိကြောင်း သိရှိရပါသည်။

Category: Local News