Local News

လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၆၉၆၁၄၈.၆၁ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၉၆၄၆၃၆.၂၉ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ နိုင်လွန်ပဲနှင့် ဆန်ကွဲ များတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၂၆၂၁၁၇.၂၈ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏတန်ဖိုးမှာ ၄၃၄၀၃၁.၃၃ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လယ်ထွန်စက်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဓါတု ဗေဒချည်ခင်များ၊ သားရေ/ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါ သည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၄၂၁၈၀၆.၆၈ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာ နိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၄၂၈၂၉.၆၁ တင်သွင်းမှုရှိခဲ့ပါ သည်။

 မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၅ ယွမ်ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၈၉.၈၅ ကျပ်ရှိကြောင်း သိရှိရပါသည်။

Category: Local News