အရောင်းဝယ်အေးသွားသည့်အတွက် အမြင့်စျေးရောက်နေသည့် တောကြက်သွန်စျေး အနည်းငယ်ကျဆင်းသွားကြောင်း ကြက်သွန်ကုန်သည်များထံမှသိရသည်။ ယခုနှစ်နွေကြက်သွန် အထွက်နည်းခဲ့သည့်အတွက် ကြက်သွန်စျေးမှာ အမြင့်စျေးတွင်ရှိနေပြီး လက်ရှိပြည်ပ အဝယ်နည်းသွားသည့်အတွက် အနည်းငယ်ကျဆင်းသွားခြင်းဖြစ် ကြောင်းလည်းသိရသည်။
သို့သော် ယခုစျေးမှာ ပြီးခဲ့သည့် နှစ်ဖြင့်ယှဉ်လျှင် အတက်စျေး မှာရှိနေသေးသည့်ဟု ပြောလို့ရကြောင်း တောင်သူများက ပြောသည်။ “ကြက်သွန်စျေးကနည်းနည်းပြန်အေးသွားတ်လို့ပြောရမယ်၊ စောစောပိုင်းက တော်တော်လေးတက်လိုက်တာ၊ ၁၃၀၀ တန်ကနေ့ မထင်ထားလောက်တဲ့အထိ တက်သွားတာ တောစျေး၂၀၀၀ထိဖြစ်သွားတယ်။ အခုလက်တလော နိုင်ငံခြား အဝယ်နည်းသွားတယ်။ သိပ်အား မပါတော့ ၁၈၀၀ စျေးနဲ့ ငြိမ်နေတာ။ “ဟုမြင်းခြံ မှ ကြက်သွန် စိုက်ပျိုး ရောင်းချသည့် ကုန်သည် ကိုသက်ဖြိုးက ပြောသည်။
ပြီးခဲ့သည့် အပတ်က ပြည်ပအဝယ်ဆွဲကာ အရောင်းဝယ်ကောင်းခဲ့သည့်အတွက် ကြက်သွန်တစ်ပိဿာလျှင်တောစျေး
“အခုလက်ရှိ စျေးတန်းကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေ
“ ကြက်သွန်နီစျေးတွေ က ပြန်တက်နေတယ်။ ကြက်သွန် အသေး လေးတွေ အသေးဆုံး ကိုပဲ တပိဿ ၂၃၀၀ စျေး နဲ့ဝယ်ရတယ်။ ကျန်တဲ့အရွယ်တွေ က ၂၆၀၀ နဲ့ အထက် အစား စားဝယ်ရတယ်" ဟု သင်္ဃန်ကျွန်းမြို့နယ် နေသူမဆုမြတ် ပြောသည်။ လက်ရှိ ရန်ကုန်စျေးကွက်တွင် ဆိပ်ဖြူ တစ်ပိဿာလျှင် ၁၅၀၀ မှ ၁၇၀၀၊ မြစ်သာ တစ်ပိဿာလျှင် ၁၅၀၀ မှ ၂၅၀၀၊မြင်ခြံ တစ်ပိဿာလျှင် ၁၅၅၀ မှ ၁၆၅၀ထိ စျေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံတချို့ ထံမှ သိရသည်။
ကြက်သွန်နီကို လက်ရှိ တရုတ်၊ မြဝတီ၊ ဘင်္ဂလာဒေ့ရှ်ကို ပုံမှန်တင်ပို့နေခြင်းဖြစ်ပြီး ၈လပိုင်းနှင့် ၉လပိုင်းတွင် ကြက်သွန်ရှားကာစျေးတက်လာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံတွေများမှ သုံးသပ်ပြောထားခြင်းများရှိသည်။ လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်းအားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိနေကြောင်း သိရသည်။
လက်ရှိ သွင်းအားစုများစျေးကြီးနေသည့်အတွက် မြေဩဇာကောင်းကောင်းမသုံးနိုင်ပါ
Source: https://t.me/htwettoe