Local News

ဆီထွက်သီးနှံ မိုးမြေပဲဆွတ်ခူးချိန်တွင် တစ်ဧကလျှင် ၄၄ ဒသမ ၅၅ တင်းနှုန်းအထိ ထွက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်၌ ယခုနှစ် မိုးရာသီက စိုက်ပျိုးခဲ့သော ဆီထွက်သီးနှံ မိုးမြေပဲဆွတ်ခူးချိန်တွင် တစ်ဧကလျှင် ၄၄  ဒသမ  ၅၅  တင်းနှုန်းအထိ  ထွက်ရှိကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှမိုး၏ ပြောပြချက်အရ သိရသည်။ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များ၌ ၂၀၂၃ ခုနှစ် မိုးရာသီက ဆီထွက်သီးနှံမိုးမြေပဲ ၃၄၀၂၃ ဧက လျာထားစိုက်ပျိုးခဲ့သည်။

“မင်းဘူးခရိုင်အတွင်း  ၂၀၂၃  ခုနှစ် မိုးရာသီမှာ ဆီထွက်သီးနှံမိုးမြေပဲ ၃၁၀၅၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ မိုးမြေပဲ ၅၄၉ ဧကအထိ ဆွတ်ခူးပြီးပါပြီ။ တစ်ဧကအထွက်နှုန်းအနေနဲ့ ၄၄ ဒသမ ၅၅  တင်းနှုန်းအထိ ထွက်ရှိပါတယ်”ဟု ဦးလှမိုးက ပြောသည်။ ၂၀၂၂ ခုနှစ်က မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မိုးမြေပဲ ၃၈၀၀၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံဆွတ်ခူးချိန်တွင် တစ်ဧကလျှင် ၄၇ ဒသမ ၅၃ တင်းနှုန်းအထိ ထွက်ရှိခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်၌ ဆီထွက်သီးနှံမိုးမြေပဲကို စားသုံးဆီအစားထိုး အသုံးပြုနိုင်ရေး စိုက်ပျိုးလျက်ရှိပြီး သီးနှံထွက်ရှိချိန်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။ လက်ရှိ မိုးမြေပဲထွက်ရှိချိန်တွင်  မိုးမြေပဲ (နီဆန်)တစ်ပိဿာလျှင် ငွေကျပ် ၉၂၀၀၊ မိုးမြေပဲ(ဖြူဆန်) တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ဈေးနှုန်း ရရှိကြောင်း သိရသည်။                

Source: https://www.myawady.net.mm

Category: Local News