Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ပို့ကုန်လိုင်စင်လျှောက်ထား/ ထုတ်ပေးမှု မရှိပါ။ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက်တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားထုတ်ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၂၁)စောင်ဖြစ်ပြီးကဏန်း၊  ငါးရှဉ့်၊ ရေခဲငါးရှဉ့်၊ အလူမီနီယံ သတ္ထုတို့လျှောက်ထားမှုရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ဝါဂွမ်း (၀.၂၀၃)ဒေါ်လာသန်း၊ ကဏန်း(၀.၁၇၉)ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၅၀)ဒေါ်လာသန်း၊ ဆန်ကွဲ (၀.၁၄၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၀၇၅)ဒေါ်လာသန်း၊ အလူမီနီယံသတ္ထု(၀.၀၇၀)ဒေါ်လာသန်း၊ ဆန် (၀.၀၄၇) ဒေါ်လာသန်း၊ ရေခဲငါးရှဉ့် (၀.၀၃၇)ဒေါ်လာသန်း၊ ဖရဲသီး(၀.၀၁၂)ဒေါ်လာသန်းနှင့် ကြိမ်ခုံ(၀.၀၀၃)ဒေါ်လာသန်းတို့ အများဆုံး တင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် သတ္ထုသန့်စင်စက် (၀.၁၂၀)ဒေါ်လာသန်း၊ သံချောင်းခွေ (၀.၀၆၆)၊ မီးခံမြေစေး(၀.၀၅၅) ဒေါ်လာသန်း၊ အပ်ချည်လုံး (၀.၀၅၃) ဒေါ်လာသန်း၊ သွပ်လိပ် (၀.၀၅၁) ဒေါ်လာသန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၀၅၁) ဒေါ်လာသန်း၊ သံချောင်း (၀.၀၄၅)၊ ဘတ္ထရီအပေါင်းပြား (၀.၀၄၁)၊ ကိတ်မုန့်ခရင် (၀.၀၃၉)ဒေါ်လာသန်း၊ ပန်းသီး (၀.၀၃၉) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၅၄)စီး၊ သွင်းကုန်ယာဉ်စီး ရေ (၇၁)စီး၊ စုစုပေါင်း (၁၂၅) စီး၊ ပို့ကုန်(၀.၉၂၁) ဒေါ်လာသန်း၊ သွင်းကုန်(၁.၀၄၃)ဒေါ်လာ သန်းနှင့် ကုန်သွယ်မှုပမာဏ (၁.၉၆၄)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့်ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက် ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ(၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်  ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (1-10-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (0.921) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.043) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (1.964) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း (၁၁၆.၄၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၂၀၃)သန်း၊ ကဏန်း(၄၇.၀၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၇၉)သန်း၊ ငါးရှဉ့် (၄၉.၉၂၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၅၀)သန်း၊ ဆန်ကွဲ(၃၅၀.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၅) သန်း၊ ကြက်သွန်နီ(၁၃၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၅) သန်း၊ အလူမီနီယံသတ္တု (၃၄.၄၁) တန်၊ တန်ဖိုး(၀.၀၇၀)ဒေါ်လာသန်း၊ ဆန်(၁၀၃.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၇) သန်း၊ ရေခဲငါးရှဉ့် (၂၂.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၇) သန်း၊ ဖရဲသီး (၁၁၄.၆၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၂)သန်းနှင့် ကြိမ်ခုံ (၇၀၀၀.၀၀)  U ၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ သတ္တုသန့်စင်စက်တန်ဖိုး ကန်ဒေါ်လာ(၀.၁၂၀)သန်း၊သံချောင်းခွေတန်ဖိုး ကန်ဒေါ်လာ(၀.၀၆၆) သန်း၊ မီးခံမြေစေးတန်ဖိုး ကန်ဒေါ်လာ(၀.၀၅၅)သန်း၊ အပ်ချည်လုံးတန်ဖိုးကန်ဒေါ်လာ (၀.၀၅၃)သန်း၊ သွပ်လိပ်တန်ဖိုးကန်ဒေါ်လာ (၀.၀၅၁)သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၁) သန်း၊ သံချောင်းတန်ဖိုးကန်ဒေါ်လာ (၀.၀၄၅) သန်း၊ ဘတ္ထရီအပေါင်းပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၁)သန်း ၊ ကိတ်မုန့်ခရင်တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်းနှင့် ပန်းသီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင်  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၉၂၁) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၀၄၃) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁.၉၆၄) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင်ကျပ် ၂၀၀/- နှုန်းဖြစ် ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

(၁-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ဝါဂွမ်း (၁) တန်လျှင်ကန်ဒေါ်လာ(၁၇၄၁.၃၇၄)နှုန်း၊ ကဏန်း(၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၉.၆၇၂) နှုန်း၊ ငါးရှဉ့်(၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၆.၃၅၇) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၁၄.၀၆၅) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၅၄၆.၁၆၃) နှုန်း၊ အလူမီနီယံသတ္တု (၁)တန်လျှင် ကန်ဒေါ်လာ(၂၀၂၅.၂၇၁) နှုန်း၊ ဆန်(၁) တန်လျှင် ကန်ဒေါ်လာ (၄၅၂.၄၅၅) နှုန်း၊ ရေခဲငါးရှဉ့်(၁) တန်လျှင် ကန်ဒေါ်လာ (၁၇၀၃.၀၁၄)နှုန်း ၊ ဖရဲသီး(၁) တန်လျှင် ကန်ဒေါ်လာ (၁၀၂.၇၅၄) နှုန်း ၊ ကြိမ်ခုံ(၁) U လျှင် ကန်ဒေါ်လာ(၄.၀၀၆) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

(၂၅-၉-၂၀၂၃) ရက်နေ့ မှ (၁-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၄၃၃.၈၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၃၀၃) သန်း၊ ကဏန်း (၃၁၅.၅၇၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၁.၂၀၀)သန်း၊ ဆန်ကွဲ (၁၃၉၅.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၇၅)သန်း၊ ကြက်သွန်နီ (၉၂၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၅၂၉)သန်း၊ ခဲသွပ်အရောသတ္တု(၆၉၀.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၀၄) သန်း ၊  ဝါဂွမ်း(၂၀၀.၈၃၈) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၃၄၈) သန်း၊ ကြေးနီ (၁၀၃.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၂)သန်း၊ အလူမီနီယံသတ္တု(၁၃၇.၇၅၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၇၉) သန်း ၊ ရေခဲငါး ရှဉ့်(၁၅၄.၀၀၀)တန်၊တန်ဖိုး ကန်ဒေါ်လာ(၀.၂၆၂) သန်းနှင့် ပြောင်း(၉၂၈.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၂၅၁) သန်းတို့ဖြစ်ပါသည်။

(၂၅-၉-၂၀၂၃) ရက်နေ့မှ (၁-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၃.၂၄၆) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၃၆၇) သန်း၊ သံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၂၇၃) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၉) သန်း၊ ပိုးသတ်ဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၀) သန်း၊ ပန်းသီးတန်ဖိုးကန်ဒေါ်လာ(၀.၁၄၆)သန်း၊ ပုံနှိပ်မှင် တန်ဖိုးကန်ဒေါ်လာ(၀.၁၄၄) သန်း၊  သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ(၀.၁၄၃) သန်း ၊ သံချောင်းခွေ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၂) သန်းနှင့် ဘတ္ထရီ တန်ဖိုးကန်ဒေါ်လာ (၀.၁၃၁) သန်းတို့ဖြစ်ပါသည်။

(၂၅-၉-၂၀၂၃) ရက်နေ့ မှ (၁-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၂.၂၈၁) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ(၃၈၀၃.၉၂၄) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၁၁.၈၅၅) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၇၄.၈၆၀) နှုန်း၊ ခဲသွပ်အရောသတ္တု(၁) တန်လျှင် ကန်ဒေါ်လာ (၅၈၅.၆၈၈) နှုန်း၊ ဝါဂွမ်း(၁) တန်လျှင် ကန်ဒေါ်လာ (၁၇၃၂.၂၆၂) နှုန်း၊ ကြေးနီ(၁)တန်လျှင် ကန်ဒေါ်လာ (၂၈၂၆.၀၅၉) နှုန်း၊ အလူမီနီယံသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၂၀၂၄.၄၈၄) နှုန်း၊ ရေခဲငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ (၁၇၀၁.၃၇၂) နှုန်း၊ ပြောင်း(၁) တန်လျှင် ကန်ဒေါ်လာ (၂၇၀.၆၈၆) နှုန်းဖြင့် တင်ပို့နိုင် ခဲ့ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး -   မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News