Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာ သန်းဖြစ်ပါသည်။ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၂၆၈) ဒေါ်လာသန်း၊ သွင်းကုန်(၁.၃၂၉)ဒေါ်လာသန်း၊စုစုပေါင်း (၂.၅၉၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၆၁.၈၃၃%) ဆောင်ရွက်ပြီးဖြစ်ပါသည်။ စက်တင်ဘာလ(၃၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ လောင်စာတောင့်၊ Iron Concentrate (Fe-64.512%/ Fe-60.751%)တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၃၆၄၂) တန်၊ တန်ဖိုး (၁၂၅၆၄၆၅) ဒေါ်လာနှင့် လောင်စာတောင့်ဈေးနှုန်းတစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၀.၀၀၀)တန်၊ တန်ဖိုး (၁၁၅၀၀.၀၀) ဒေါ်လာ၊ Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်း တစ်တန်လျှင် (၁၀၂) ဒေါ်လာတို့ဖြင့် တန်ချိန် (၄၄၀) တန်၊ တန်ဖိုး (၄၄၈၈၀.၀၀)ဒေါ်လာ တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၃၈.၉၀၀) တန်၊ တန်ဖိုး (၂၆၃၄၂.၄၄) ဒေါ်လာ၊Iron Nail ဈေးနှုန်း တစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၈၅.၃၀၀) တန်၊ တန်ဖိုး (၆၈၂၆၉.၃၅) ဒေါ်လာ၊ Iron Pipe ဈေးနှုန်းတစ်တန်လျှင်(၆၅၀)ဒေါ်လာဖြင့် တန်ချိန် (၁၁၇.၅၀၀) တန်၊ တန်ဖိုး (၇၅၇၅၄.၄၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၂၉.၈၀၀) တန်၊ တန်ဖိုး (၁၀၄၅၇၈.၁၆) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့်  တန်ချိန်(၄၄.၅၀၀) တန်၊ တန်ဖိုး(၁၇၃၁၁.၉၀)ဒေါ်လာ၊ Orange တစ်တန်လျှင် (၂၃၀)ဒေါ်လာဖြင့်  တန်ချိန်(၈၅.၅၀၀) တန်၊ တန်ဖိုး(၂၆၉၁၂.၃၇၀)ဒေါ်လာ၊ Ceramic Tile Plain  ဈေးနှုန်း (1 M2)လျှင်(၄.၁)ဒေါ်လာဖြင့် (၁၈၆၇၆) M2၊တန်ဖိုး (၆၈၁၀၇.၄၄၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့်အဝတ်အ ထည်များ)တင်သွင်းနိုင်လျက်ရှိပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့်သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ် များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများ  မရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News