Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ(၂၉)ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၂၈၃)ဒေါ်လာသန်းနှင့်သွင်းကုန် (၁၅.၉၇၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၀.၂၅၄) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၉၉) စီး၊ သွင်းကုန် (၈၉၅) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့မှ စက်တင်ဘာလ(၂၂) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၄၁) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၄.၂၆၉) ဒေါ်လာ သန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၃၁၀) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၇၅၈) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်တန်ဖိုး(၁.၇၀၂) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၀.၉၄၄) ဒေါ်လာသန်း ​ပိုမိုခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမယ်များအနက် ပြောင်း၊ ပဲလွန်းဖြူ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ ပဲနီကြား၊ ပဲကြီး၊ နှမ်း(နက်)၊ ရော်ဘာ၊ ဝဥခြောက်၊ ထန်းသီးခြောက်နှင့် လောင်စာတောင့် တင်ပို့မှုလျော့နည်း ခဲ့ခြင်းကြောင့်  ယခင်တစ်ပတ်အောက်(၀.၇၅၈) ဒေါ် လာသန်း လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။ တင်သွင်းသည့် သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ လယ်ထွန်စက်အပို ပစ္စည်း၊ စက်နှင့်စက်ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့သော်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ လေအေးပေးစက်များ၊ သတ္တုကုန်ချောဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၉၈၉) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာများ တင်သွင်းမှုလျော့နည်းခဲ့သော်လည်း ချည်ခင်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့်ကျွတ်များ သားရေတုဖြင့်ပြုလုပ် သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ဓါတုဗေဒပစ္စည်းများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သ ဖြင့် ယခင်တစ်ပတ်ထက် (၀.၇၉၄) ဒေါ်လာသန်းပိုမိုခဲ့ပါသည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ၊  ချုပ်ပြီးအဝတ်အထည်များ၊  မီးဖိုချောင်သုံးပစ္စည်းများလျော့ နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက် (၀.၀၈၁) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ရော်ဘာ (၁၀၈၇.၅၀၀ )တန်၊ (၁.၃၅၇) ဒေါ်လာ သန်း၊ CMP (၁၀၈၆၅၃) ခု ၊ (၀.၅၄၇) ဒေါ်လာသန်း၊ ပဲတီစိမ်း ( ၆၉၄.၀၀၀ )တန်၊ ( ၀.၅၁၆) ဒေါ်လာ သန်း၊ ပဲယင်း ( ၅၅၇.၀၀၀ )တန်၊ ( ၀.၄၉၂ ) ဒေါ်လာသန်း၊ ဆန်ကွဲ( ၈၅၅.၇၅၀ ) တန်၊ ( ၀.၃၄၅ ) ဒေါ်လာသန်း၊ စွန်တာနီပဲ ( ၃၅၄.၅၄၅ )တန်၊ (၀.၂၁၁)ဒေါ်လာသန်း၊ မြေထောက်ပဲ  ( ၁၃၆.၀၀၀ ) တန်၊ (၀.၂၀၁) ဒေါ်လာသန်း၊ နှမ်းနက် (၉၉.၀၀၀) တန်၊ (၀.၁၅၃)ဒေါ်လာသန်း ၊ ပဲလွန်းဖြူ (၂၀၄.၀၀၀) တန်၊ (၀.၁၂၆ ) ဒေါ်လာသန်း၊ လက်ဖက်ခြောက်(၃၂၁.၅၅၀) တန်၊(၀.၀၉၄ )ဒေါ်လာ သန်း ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်( ၁၀ )မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၄.၇၃၅  ) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၄၆၃) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည် အလိပ်များ (၂.၅၈၈)ဒေါ်လာသန်း၊ လုပ်ငန်းသုံး အခြားပစ္စည်း(၁.၂၄၃)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၈၉၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၅၈၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ( ၀.၃၉၈ ) ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၃၄၀)ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၁၉၅) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ (၀.၁၆၉) ဒေါ်လာသန်းဖြစ်ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင်(၁၇၀) ကျပ်ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ် (ခြောက်) (၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

မန္တလေး၊လားရှိုး၊ သိန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ (၂၉) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၂၈၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၅.၉၇၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၀.၂၅၄) ဒေါ်လာသန်း ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၅.၀၄၆) ဒေါ်လာသန်း၊ သွင်းကုန် (၅.၀၀၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ ( ၁၀.၀၅၅ )ဒေါ်လာသန်း ဖြစ်၍ ယခင်နှစ်ကာလတူထက် ပို့ကုန် (၀.၇၆၃) ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၉၆၂) ဒေါ်လာ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၀.၁၉၉) ဒေါ်လာသန်း ပိုမိုဆောင်ရွက် နိုင်ခဲ့ပါသည်။

တင်ပို့သည့်ပို့ကုန်အမယ်များအနက် ဆန်၊ ဆန်ကွဲ၊ ဇီးဖြူသီးခြောက်၊ ရော်ဘာ၊ ဝဥခြောက် နှင့်အခြားပစ္စည်းတို့ တင်ပို့မှုလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။ 

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန်ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ် နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း(၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀) နှုန်းရှိကြောင်းသိရှိရသည်။

မန္တလေး၊ လားရှိုး၊ သိန္ဒိ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များလွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News