Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဒီဇင်ဘာလ (၃) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၆၅၁) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၇၃)ဒေါ်လာသန်း၊ စုစုပေါင်း (၁.၈၂၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၉.၈၅၉%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဒီဇင်ဘာလ (၃) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊  ရော်ဘာနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈)ဒေါ်လာတို့ဖြင့် တန်ချိန် (၃၈၀၀) တန်၊ တန်ဖိုး (၁.၁၃၁) ဒေါ်လာသန်း၊ရော်ဘာ စိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် (၁၉၃)တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေ  ဖြင့် တန်ချိန် (၁၂၅) တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၀)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်းတန်ချိန် (၈.၇၄၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၇၆) တန်၊ တန်ဖိုး (၀.၀၈၅) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၆၁) တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက်  ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News