Local News

ကျောက်ဆည်ခရိုင်အတွင်း ဆောင်းကုလားပဲများ စတင်ထွက်ပေါ်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ဆောင်းကုလားပဲ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၂၈၄၂၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၆၃၀၄ ဧက၊ မြစ်သားမြို့နယ်တွင် ၃၃၆၁၂ ဧက၊ စုစုပေါင်း ၇၈၃၄၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆောင်းကုလားပဲများကို အောက်တိုဘာလတွင် မိုးရေအစိုဓာတ်ဖြင့်လည်းကောင်း၊ ရေစက်များဖြင့် ရေတင်၍လည်းကောင်း ယာမြေများ၌ စိုက်ပျိုးကြကြောင်း၊ V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး သေးမျိုးများကို စိုက်ပျိုးကြသည့်အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၂၅၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ယာမြေများတွင် အစောဆုံး စိုက်ပျိုးသော ဆောင်းကုလားပဲများမှာ ယခုအချိန်တွင် စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ စျေးနှုန်းအနေဖြင့် ဆောင်းကုလားပဲ စတင်ထွက်ပေါ်ချိန်တွင် ကုလားပဲရိုးရိုး တစ်တင်းလျှင် ၉၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကုလားပဲ V2 တစ်တင်းလျှင် ၉၈,၀၀၀ ကျပ်ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ၄၃၀,၀၀၀ ကျပ်ခန့်အမြတ်ရရှိကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းကောင်းမွန်ကာအကျိုးအမြတ်များရရှိသောကြောင့် တောင်သူများအနေဖြင့် ကုလားပဲသီးနှံကို ပိုမိုစိုက်ပျိုးကြကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News