Local News

ပြည်ဘိုကိတ်ပဲသစ် လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်နေ

Last Updated:

ပြည်ပဲဈေးကွက်မှာ ဆောင်းပဲသီးနှံတစ်မျိုးဖြစ်သည့် ဘိုကိတ်ပဲသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်ကို တွေ့ရပါသည်။ ပြည်အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်ကြပြီး လက်လီ လက်ကားရောင်းဝယ်မှုဖြစ်သည်ဟု သိရပါသည်။ ပဲအဝင် နေ့စဉ်အိတ် ၅၀ ကျော် ၁၀၀ အဝင်ရှိသလို လက်လီအပြင် လက်ကားသမားများလည် ဝယ်ယူကြသည့်အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ဆန်းပိုင်းတွင် ပဲတစ်တင်း (၄၁၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ပဲတစ်တင်း (၇၆၀၀ဝိ/-)ကျပ်မှ (၇၇၀၀ဝိ/-)ကျပ်အထိ ဈေးရခဲ့တာကြောင့် ယခင်နှစ်ဈေးထက် ဈေးပိုရသလို ပဲလွမ်းဖြူသီးနှံသည်လည်း ဈေးပိုနေခဲ့သည်ကို တွေ့ရပါသည်။ ဘိုကိတ်ပဲသီးနှံသည် ပဲသစ်အဝင်များချိန်လောက်သာ ဈေးကွက်အတွင်း လက်လီလက်ကားရောင်းဝယ်နေမှုများသော်လည်း ကျန်ကာလများတွင် လှောင်ပဲများဖြင့်သာ လက်လီ ပုံမှန်အဝယ်ရှိခဲ့သည့် ပဲသီးနှံဖြစ်ကြောင်း သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News