Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် မနောသုခ တစ်အိတ်လျှင် (၈၃၀၀၀ ကျပ်)၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၃၀၀၀၀ ကျပ်)၊ ဆန်ကွဲ (1 ,2) တစ်အိတ် လျှင် (၅၂၀၀၀ ကျပ်)၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၀၀၀၀ ကျပ်)နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၆၀၀ ကျပ်)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုအပတ်တွင် မနောသုခ တစ်အိတ် လျှင် (၈၅၀၀၀ ကျပ်)၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၃၀၀၀၀ ကျပ်)၊ ဆန်ကွဲ (1 ,2) တစ်အိတ် လျှင် (၅၅၀၀၀ ကျပ်)၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၃၀၀၀ ကျပ်)နှင့် ဖွဲနု တစ်အိတ် လျှင် (၁၆၂၀၀ ကျပ်)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကာလတူနှိုင်းယှဉ်ချက်အရ မနောသုခ တစ်အိတ် လျှင် (၂၀၀၀ ကျပ်)၊ ဆန်ကွဲ (1 ,2) တစ်အိတ် လျှင် (၃၀၀၀ ကျပ်)၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၃၀၀၀ ကျပ်)နှင့် ဖွဲနု တစ်အိတ် လျှင် (၆၀၀ ကျပ်) တို့ အသီးသီးဈေးမြင့်တက်ခဲ့ပါ သည်။ ဈေးမြင့်တက်ရခြင်းမှာ ရန်ကုန်မှ တိုက်ရိုက်အဝယ်လိုက်၍ ဝယ်လိုအားကောင်းခြင်း၊ စပါး ဈေးမြင့်တက်လာခြင်းတို့ကြောင့် ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News