Local News

ရောင်းပန်းလှ မိုးကောင်းဖရဲသီးများ

Last Updated:

    အပူပိုင်းရာသီသို့ ဝင်ရောက်လာသည်နှင့်အညီ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရာသီစာ ဖရဲသီးများ ရောင်းချနေသည်ကို ဈေးကြီးများနှင့် ရပ်ကွက်၊ ကျေးရွာများအနီးတစ်ဝိုက်တွင် တွေ့ရသည်။ ဖရဲသီးများကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များမှ ဒေသခံများက စိုက်ပျိုးကြပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ရောင်းချကြပါသည်။ မိုးကောင်းမြို့နယ်မှ ထွက်ရှိသည့် ဖရဲသီးများသည် အစေ့နည်း၍ အသားထူပြီး အရသာမှာ ချိုမြိန်ထူးကဲလှသောကြောင့် စားသုံးသူများ အလွန်အကြိုက်တွေ့လျက် ရှိပါသည်။ ဈေးနှုန်းမှာလည်း မိုးကောင်းဖရဲသီး (အလတ်) တစ်လုံးလျှင် ၅၀၀ဝ ကျပ်၊ (အကြီး) တစ်လုံးလျှင် ၈၀၀ဝ ကျပ် ဈေးဖြင့်သာ ရောင်းချကြသဖြင့် ရောင်းပန်းလှသည့်အပြင် ဖရဲသီးတွင် ရေဓာတ် ပြည့်ဝစွာပါဝင်သဖြင့် ရာသီဥတုပူပြင်းသော ယခုလိုအချိန်တွင် အရွယ်သုံးပါးစလုံး စားသုံးပေးသင့်သည့် သဘာဝအားဆေး ဓာတ်စာတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News