Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု အခြေအနေ

Last Updated:

    ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၇  ရက်မှ ဇွန်လ ၂ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဆန်ကွဲနှင့် ပြောင်းများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၂၉၂၁၀၈၁.၂၉ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မေလ ၂၀  ရက်မှ ၂၆ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၂၃၄၅၉၄၅.၃၇ ကန်ဒေါ်လာ နှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၅၇၅၁၃၅.၉၂ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါ သည်။

    သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၇  ရက်မှ ဇွန်လ ၂  ရက်နေ့အတွင်း လယ်ထွန်စက်များ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည် များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မော်တော်ဆိုင် ကယ်အပိုပစ္စည်းများ၊ ဘတ္တရီအခြောက်များ၊ သားရေ/သား‌ရေတုဖြင့် ပြုလုပ် သောပစ္စည်းများ၊ သံပိုက်နှင့်မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၀၉၃၆၂၂.၅၆ ကန် ဒေါ်လာ တင်သွင်းခဲ့ရာယခင်အပတ်၂၀၂၃ ခုနှစ်၊ မေလ၂၀ရက်မှ၂၆ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏတန်ဖိုး၁၀၇၅၃၃၅.၂၅ ကန်ဒေါ် လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၈၂၈၇.၃၁ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

    တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၈၂၇၄၅၈.၇၃ ကန် ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၉ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၄.၉၈ ကျပ်ရှိကြောင်းသိရှိရပါသည်။

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News