Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

    ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၇  ရက်မှ ဇွန်လ ၂  ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၂၉၂၁၀၈၁.၂၉ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၀၉၃၆၂၂.၅၆ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

    တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ ဆန်ကွဲနှင့် ပြောင်းများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၄၆၈၅၇၀.၂၉ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏတန်ဖိုးမှာ ၂၄၅၂၅၁၁.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါ သည်။

    သွင်းကုန်ပစ္စည်းများမှာ  လယ်ထွန်စက်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည် များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဘတ္တရီအခြောက်များ၊ သားရေ/ သား‌ရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၂၀၄၄၉.၂၁ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန် ဒေါ်လာ ၈၇၃၁၇၃.၃၅ တင်သွင်းမှုရှိခဲ့ပါသည်။

    မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၉ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၄.၉၈ ကျပ် ရှိကြောင်းသိရှိရပါသည်။

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News