Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဇွန်လ(၁၇) ရက်နေ့မှ ဇွန်လ(၂၃) ရက်နေ့အထိ တစ်ပတ်အတွင်းကုန်သွယ်မှုသတင်း

Last Updated:

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  ၂၀၂၃ ခုနှစ်၊   ဇွန်လ (၁၇) ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ တစ်ပတ်အတွင်း   အများဆုံးတင်ပို့ခဲ့သည့်   ပို့ကုန်ပစ္စည်း  (၁၀) မျိုးမှာ ရော်ဘာ  (၁၇ ၀၈.၇၅၀)တန်၊ တန်ဖိုး (၂.၀၇၀)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၀၀၂.၀၀၀)တန်၊ တန်ဖိုး(၁.၉၅၇)ဒေါ်လာသန်း၊ မြေထောက်ပဲ (၅၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၇၃၆) ဒေါ်လာသန်း၊ ပဲယင်း (၆၇၉.၅၀၀)တန်၊ တန်ဖိုး (၀.၅၈၁) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၄၇၃.၀၀၀)တန်၊ တန်ဖိုး (၀.၅၅၂)ဒေါ်လာသန်း၊ ရေ်ဘာကြမ်း(၇၀၀.၅၀၀)တန်၊ (၀.၅၂၀) ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၄၂.၂၅၀)တန်၊ (၀.၂၆၇)ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၂၁.၂၅၀) တန်၊ တန်ဖိုး (၀.၂၃၈) ဒေါ်လာသန်း၊ နိုင်လွန်ပဲ (၁၁၉.၅၀၀)တန်၊ တန်ဖိုး(၀.၀၇၆)ဒေါ်လာသန်း၊ ပဲနီကြား (၆၇.၉၈၀)တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့သည်။

    အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ  (၅.၀၀၉)ဒေါ်လာသန်း၊ချည်ထည်များ(၄.၀၄၄)ဒေါ်လာသန်း၊ဓာတ်မြေဩဇာများ (၁.၆၁၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ကြမ်းအခြားပစ္စည်း(၁.၅၂၂)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၀.၇၉၅)ဒေါ်လာသန်း၊သံနှင့်သံမဏိပစ္စည်းများ (၀.၅၀၀) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၄၅၈) ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၄၅၄)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ (၀.၄၂၅) ဒေါ်လာသန်းနှင့် အချိုမှု့န် (၀.၃၆၄) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၁) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၉) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၃) ကျပ် ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂)ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News