Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် သွင်းကုန် ဆောင်ရွက်နိုင်မှုအခြေအနေ

Last Updated:

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ (၂)ရက်နေ့အတွင်း ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင် ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ (၂) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးအတွင်းသုံးစွဲရန်လိုအပ်သည့် စက်သုံးဆီများအားထိုင်းနိုင်ငံမှရေလမ်းကြောင်းဖြင့် တင်သွင်းလျက်ရှိရာဓာတ်ဆီ တစ်တန်လျှင်(၈၉၀.၈၂၄) ဒေါ်လာနှုန်းဖြင့် (၃၀၀)တန် တန်ဖိုး(၀.၂၇၈)ဒေါ်လာသန်း၊ ဒီဇယ်ဆီတစ်တန်လျှင်(၇၇၀.၀၀၀) ဒေါ်လာနှုန်းဖြင့် (၉၀၀)တန်၊ တန်ဖိုး(၀.၆၉၃)ဒေါ်လာသန်းနှင့် ပုစွန်စာတစ်တန်လျှင်(၁၂၂၂.၅၉၀) ဒေါ်လာနှုန်းဖြင့် တန်ဖိုး(၀.၁၈၄)ဒေါ်လာသန်း စုစုပေါင်း (၁.၁၅၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ(၁)ဘတ်လျှင် (၈၉.၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News