Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

          ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့်ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

         ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ၀၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၉၈၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၂၀၂) သန်း၊ သွင်းကုန်တန်ချိန် (၉၃)၊(-)U၊ (၈၈၀) BBL၊ တန်ဖိုး  အမေရိကန်ဒေါ်လာ (၀.၁၃၄)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃၆သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပုစွန် တန်ချိန်(၅.၈၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၁၅၈)၊ (၁)တန်စျေးနှုန်း (၆၉၀၀)အမေရိကန်ဒေါ်လာ၊ ကဏန်းငါးနီငယ် တန်ချိန် (၁၉၁.၀၂၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၅၇၆.၂၅၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ကြိမ်မွေ့တောင်းတန်ချိန် (၁၃.၉၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၁၇၆၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀) အမေရိကန်ဒေါ်လာ၊ လူးစီတန်ချိန် (၂၃.၂၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၃၆၉.၆၀)၊ (၁)တန် ဈေးနှုန်း(၁၈၂၀)အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

             အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဓာတ်ဆီ တန်ချိန်(၁၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၀၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ စတီးဝါယာကြိုး တန်ချိန်(၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၆၆၆.၆၆) အမေရိကန် ဒေါ်လာ၊ ပလပ်စတစ်ငါးခြင်း တန်ချိန် (၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀)၊ (၁)တန်စျေးနှုန်း (၁၀၀၀) အမေရိကန်ဒေါ်လာ၊ သကြားလုံးတန်ချိန် (၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀)၊ (၁)တန်စျေးနှုန်း (၃၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ကြိုး တန်ချိန် (၁၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၀၀၀)၊ (၁)တန်စျေးနှုန်း (၉၄၇.၃၆) အမေရိကန်ဒေါ်လာ၊ ကျောက်ချဉ် တန်ချိန် (၃၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၁၂၉.၀၃၂) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၃-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၅၃) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၆.၇) ကျပ်ခန့်ဖြစ်သဖြင့် (၂-၇-၂၀၂၃)ရက်နေ့ထက် (၀.၃) ကျဆင်းသွားသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၂၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News