Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၁၅၀၀၀ ကျော် ပုံမှန်ဝင်ရောက်လျှက်ရှိပါသည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိကြောင်း သိရပါသည်။

ဩဂုတ်လနောက်ဆုံးအပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၃၄၀၀-၃၅၀၀)ကျပ်၊ (လတ်) (၃၂၀၀-၃၃၀၀) ကျပ်၊ (သေး) (၂၉၀၀-၃၀၀၀)ကျပ်၊ အသေးဆုံး အစမှာ (၂၅၀၀-၂၇၀၀)ကျပ်နှုန်းနှင့် အလုံးဆိုက်၊ အစို၊ အခြောက် အရောင်းအသွေးပေါ်မူတည်၍  ဈေးနှုန်းကွာခြားမှု ရှိနေပါသည်။ ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ (ကြီး) (၃၆၀၀-၃၇၀၀) ကျပ်၊ (လတ်) (၃၅၀၀-၃၄၀၀) ကျပ်၊ (သေး) (၃၂၀၀-၃၁၀၀) ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ  (ဗမာ) (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ (ရှမ်းစ) (၉၀၀၀-၁၀၀၀၀) ကျပ်၊ ကြူကုတ် (၈၀၀၀-၈၅၀၀) ကျပ်ဖြစ်ပြီး လက်လီဈေးမှာ (ဗမာ) (၁၂၅၀၀-၁၃၆၀၀) ကျပ်၊ (ရှမ်းစ) (၉၈၀၀-၁၁၇၀၀) ကျပ်၊ ကြူကုတ် (၈၇၀၀-၉၅၀၀) ကျပ်ဖြင့် ပစ္စည်းအရည် အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News