International News

( ၆၈) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (Department of International Trade Promotion (DITP)) မှ ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) တွင် ၆၈ ကြိမ်မြောက် ဗန်ကောက် လက်ဝတ်လက်ရတနာပြပွဲ (၂၀၂၃) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ကုန်စည်ပြပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။

ဖွင့်ပွဲသို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြား၍ ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံ အခြေစိုက်သံရုံးအချို့မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန (DITP) မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ်ရာ စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များ (Trade Missions) ကို ဝင်ရောက်ခွင့်ပြုပြီး ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် အများပြည်သူများ အားလာ ရောက်ကြည့်ရှုရန် ခွင့်ပြုထားကြောင်းသိရသည်။

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်မျက်ကုမ္ပဏီ (၅) ခုမှ ပါဝင်ပြသလျက်ရှိပါသည်။

ကုန်စည်ပြပွဲတွင် နိုင်ငံတကာရှိ ကုမ္ပဏီများမှ ကျောက်မျက်ရတနာ အမျိုးမျိုးနှင့် လက်ဝတ်ရတနာများအပြင် ကျောက်မျက်ရတနာစစ်ဆေးသည့် စက်ပစ္စည်းများနှင့် အရည်အသွေး စစ်ဆေးနိုင်စက်များ ပါဝင်ပြသလျက်ရှိပါသည်။

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: International News