Local News

မန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင်မြေထောက်ပဲနှင့် ပဲပုပ်အရောင်းသွက်၍ဈေးမြင့်လာမှုအခြေအနေ

Last Updated:

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင် ပဲဈေးကွက်တွင်ပဲမျိုးစုံ အရောင်း အဝယ်ဖြစ်လျက်ရှိရာ မြေထောက်ပဲနှင့်ပဲပုပ်များ အရောင်းသွက်နေကြောင်းသိရသည်။ ပဲလက်ကျန် နည်းလာခြင်း၊ ပြည်တွင်းဝယ်ယူမှုအပြင် ပြည်ပဝယ်လက်များမှလည်း အဝယ်သွက်နေသောကြောင့် မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၀၀၀၀ ထိ ၊ ပဲပုပ် ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် အနိမ့်ဆုံး ၅၀၀၀ မှ အမြင့်ဆုံး ၄၀၀၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၃၀၀၀၀ မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၇၅၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

ပဲပုပ်(ဗမာ) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၀၀၀၀ မှ ၂၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၅၀၀၀ မှ ၂၄၀၀၀၀၊ ယခင်လ ကျပ် ၂၀၈၀၀၀ မှ ၂၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၃၂၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

ပဲပုပ်(ရှမ်း) ၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၆၈၀၀၀ မှ ၁၆၉၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၆၈၀၀၀ မှ ၁၆၉၀၀၀၊ ယခင်လ ကျပ် ၁၅၅၀၀၀ မှ ၁၅၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ မြင့်တက်လာသည်။   

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News